စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က ကြီးမှူး၍ ရှမ်းပြည်နယ်အတွင်း ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ရှမ်းပြည်နယ်(တောင်ပိုင်း)ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းခန်းမ၌ “အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ် ငန်းများဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး” အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ စီးပွားရေးရာဝန်ကြီး၊ သယံဇာ တနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းရင်းသားရေးရာ ဝန်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ရှမ်းပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ စိုက်ပျိုး ရေးဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနနှင့် မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများ၊ ရှမ်းပြည်နယ် (တောင် ပိုင်း) ကုန်သည်များနှင့်စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းနှင့် ရှမ်းပြည်နယ်အတွင်းရှိ ကုန်သည် လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ တောင်သူအစုအဖွဲ့များ၊ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း(၁၂၅)ဦး တက်ရောက်ခဲ့ ပါသည်။
ရှမ်းပြည်နယ်သည် အသေးစား၊ အငယ်စားနှင့် အလတ်စား စက်မှုလက်မှုလုပ်ငန်း များ စွာရှိပြီး စိုက်ပျိုးရေးထွက်ကုန်ကဏ္ဍမှ ပြောင်း၊ ပဲအမျိုးမျိုး၊ သစ်သီးဝလံနှင့် စားဖိုဆောင်သီးနှံများ ပြည်ပသို့ တင်ပို့ရောင်းချလျက်ရှိရာ အဆိုပါထုတ်ကုန်များထဲမှ လက်ရှိတင်ပို့နေသည့် ထုတ်ကုန် ပစ္စည်းများအပြင် ပြည်ပပို့ကုန်အလားအလာရှိသော တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်တင်ပို့လျှင် အကျိုးအမြတ် ပိုမိုရရှိမည်ဖြစ်သောကြောင့် ပြည်ပပို့ကုန်အလားအလာရှိသော ထုတ်ကုန်များ ပိုမို တိုးချဲ့ တင်ပို့နိုင်ရေး၊ ပြည်နယ်အတွင်း ကုန်သွယ်မှုမြင့်မားတိုးတက်လာစေရေး၊ တန်ဖိုးမြှင့် ထုတ် ကုန်များ တိုးချဲ့ထုတ်လုပ်ရေးနှင့် ပြည်ပတင်ပို့ရောင်းချရာတွင် ကြုံတွေ့ရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများ၊ အားနည်းချက်၊ အားသာချက်များကို ဆွေးနွေးပွဲတွင်ဖော်ထုတ်နိုင်ခဲ့ပါသည်။ ဤကဲ့ သို့ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍအတူတကွ ပူးပေါင်းဆွေးနွေး ဖြေရှင်းဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုး ထုတ်လုပ်သူ တောင်သူများ၊ လုပ်ငန်းရှင်များ၊ Exporterများနှင့် အသေးစား၊ အငယ်စားနှင့် အလတ် စားလုပ်ငန်းများအတွက် လူမှုစီးပွားဘဝတိုးတက်ရေးအတွက် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ဆွေးနွေးပွဲကို ၁၇:၃၀ အချိန်တွင်အောင်မြင်စွာကျင်းပပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။